မိုင်းနောင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေများအား မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရိုး)မှ ရဲမှူးကြီး ခင်မောင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ စာအုပ် စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာ ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။

မင်းဘူးမြို့၌ လူကုန်ကူးခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လူကုန်ကူးခံရပြီး၊ ကမ္ဘောဒီယားနိုင်ငံ ကျားဖြန့်လုပ်ငန်းသို့ပို့ဆောင်ပြီး၊ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းအား အဓမ္မစေခိုင်းခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မင်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံအားကစားနည်း ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းကို မြို့နယ်အားကစားကွင်းနှင့် မင်းလှမြို့အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲကို မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မင်းလက်ဝါးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့မှဦးစီးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဖြေဆိုလျက်ရှိသည်။
Subscribe to