ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို Read more about ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ လူကုန်ကူးခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ငွေများပေးအပ် Read more about မင်းဘူးမြို့၌ လူကုန်ကူးခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ငွေများပေးအပ် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လူကုန်ကူးခံရပြီး၊ ကမ္ဘောဒီယားနိုင်ငံ ကျားဖြန့်လုပ်ငန်းသို့ပို့ဆောင်ပြီး၊ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းအား အဓမ္မစေခိုင်းခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လယ်ဝေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ Read more about လယ်ဝေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ မြန်မာသက္ကရာဇ် ၁၃၈၈ နှစ်၊ မြန်မာတို့၏ နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက လယ်ဝေးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မင်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ Read more about မင်းလှမြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံအားကစားနည်း ဘောလုံးသင်တန်း၊ ဘော်လီဘောသင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းကို မြို့နယ်အားကစားကွင်းနှင့် မင်းလှမြို့အခြေခံပညာ အထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့နံနက် ၉ နာရီက သင်တန်းဆင်းပွဲကို မင်းလှမြို့ အခြေခံပညာအထက်တန်းကျောင်း၊ မင်းလက်ဝါးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက် Read more about ရေနံချောင်းမြို့နယ်၌ လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး စစ်ဆေးဆောင်ရွက် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာနှင့်ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်မှုမဖြစ်ပွားစေရေး ယမန်နေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို Read more about အုတ်တွင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သံဃနာယကအဖွဲ့မှဦးစီးကျင်းပသော ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းက ဗောဓိကုန်းဘုန်းတော်ကြီးကျောင်းတိုက် ဝိဇ္ဇာသမိဒ္ဓိမဟာရွှေကံသာကျောင်းတော်၌ ဖြေဆိုလျက်ရှိသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် Read more about ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မီးဘေးသတိရှိစေရန် ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၄၆၄ ဧက စိုက်ပျိုးပြီးစီး Read more about ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၄၆၄ ဧက စိုက်ပျိုးပြီးစီး မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်း ဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၆ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါး ၄၆၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို Read more about တန့်ယန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့စတင်ဖြေဆို ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၆-ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့အား ပါဠိပထမပြန်စာမေးပွဲ ကျင်းပရေးဦးစီးကော်မတီမှ ကြီးကြပ်၍ မတ်လ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စတင်ကျင်းပသည်။
မိုင်းရယ်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုခြင်းမရှိစေရေးနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းသတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊ မရှိ တာဝန်ရှိသူများစစ်ဆေး Read more about မိုင်းရယ်မြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုခြင်းမရှိစေရေးနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်းသတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊ မရှိ တာဝန်ရှိသူများစစ်ဆေး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးသန့်ဦး ဆောင်၍ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်များ အသုံးပြုခြင်းမရှိ စေရေးနှင့် စက်သုံးအရောင်းဆိုင်များတွင် စက်သုံးဆီဈေးနှုန်း သတ်မှတ်နှုန်းထားအတိုင်း ရောင်းချမှု ရှိ၊ မရှိတို့ကို ယနေ့နံနက် ၁၁ နာရီက မြို့အဝင်ဂိတ်နှင့် စက်သုံးဆီဆိုင်များတွင် စစ်ဆေးခဲ့သည်။