ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၉၄)ရပ်ကွက်၊ အိမ်ရာစီမံခန့်ခွဲရေးကော်မတီရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။