ဒဂုံတောင် မတ် ၃၀
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်တိုင်တိုင်သင်ကြားပို့ချပေးရာ မတ် ၂၉ ရက်နေ့က နောက်ဆုံးနေ့အဖြစ် သင်ခန်းစာများအား စာတွေ့ လက်တွေ့သင်ကြပေးကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးဆန်းလွင်ဦးက ကြက်ခြေနီအသင်းဖြစ်ပေါ်လာပုံ၊ အသင်းအခြေခံမူများ၊ ရည်ရွယ်ချက်၊ ကြက်ခြေနီအသင်း၏ ဆောင်ရွက်လျှက်ရှိသောလုပ်ငန်းများအား သင်တန်းသားများလွယ်ကူစွာသိရှိမှတ်သားနိုင်ရန် ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲမှူး ဦးကျော်မင်းထွန်းက ရှေးဦးပြုစုခြင်းအခြေခံသဘောတရားခေါင်းစဉ်၊ တပ်စုမှူး ဦးအောင်သီဟက လူနာဆန်းစစ်ခြင်းခေါင်းစဉ်၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အမျိုးသမီးတပ်ခွဲမှူး ဒေါ်ဥမ္မာတင်က စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းစသည့် ခေါင်းစဉ်များဖြင့် လက်တွေ့သရုပ်ပြသင်ကြားပေးကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် သင်တန်းသား ၃၅ ဦး တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင် (ပြန်/ဆက်)