ရွှေဘိုမြို့တွင် KTV စားသောက်ဆိုင်များ မီးဘေးအန္တရာယ်ကင်းစေရေး တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်‌

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်  ကြိုတင်ကာကွယ်မှု အစီအမံတစ်ရပ်အနေဖြင့် ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦး‌အေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ (၁၁)ရက်နေ့နံနက်ပိုင်းက ရွှေဘိုမြို့နယ်အတွင်းရှိ KTV စားသောက်ဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး ဟားခါးမြို့နယ်သို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါးမြို့နယ်သို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဇူလိုင်လ၊ သြဂုတ်လ၊ စက်တင်ဘာလ ( ၃ ) လစာ ထောက်ပံ့ငွေ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ခေတ္တချင်းပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ်အတွင်း မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စက်ရေတွင်းပြန်လည်တပ်ဆင်ပေးရန်လိုအပ်မှုအခြေအနေများနှင့် ကွန်ကရစ်လမ်းခင်းမည့်နေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

၂၀၂၆-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမနနေ့ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု သလဲဦးအလယ်မြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ကန့်သတ်ချက်မဲ့ ငွေကြေးနှင့် စောင်၊ အခင်းများ ထောက်ပံ့

ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ကချင်အထူးစီမံချက်ရုံးမှ ယာယီနေရပ်စွန့်ခွာပြည်သူများထဲတွင် စာရင်းပြုစုရွေးချယ်၍ခက်ခဲသည့် အိမ်ထောင်စုများကို ဒီဇင်ဘာ ၁၁ ရက်နေ့က ကန့်သတ်ချက်မဲ့ငွေကြေးနှင့် စောင်၊ အခင်းများကို သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်​​မြို့နယ်၌ “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရွေးကောက်ပွဲတွင် ပြည်သူများအားလုံးပါဝင်နိုင်ရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” Billboard စိုက်ထူခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြိုနယ်ကော်မရှင်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့များသည် ယနေ့ညနေပိုင်းက မော်လမြိုင်မြို့ မြိုင်ရတနာဈေးထိပ်တွင် Billboard စိုက်ထူခြင်းနှင့် ဘဲကုန်းဈေး၊ မြိုင်ရတနာဈေးနှင့် သီရိမြိုင်ဈေးအတွင်း၌ ဖြန့်ဝေပေးခဲ့ကြသည်။

ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၏ (၂၁)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက၊ ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူးကျင်းပသည့် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာဦးစီးဌာန အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ပုဇွန်တောင်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလ (၃)လစာ အတွက် တစ်ဦးလျှင် ငွေကျပ် ၆၀,၀၀၀/ နှုန်းဖြင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အမှတ်(၁၀) ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to