ချောင်းဆုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှမတည်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အဆင်ပြေစေရေး စိုက်ပျိုးမွေးမြူရေး လယ်ယာကဏ္ဍ အသားငါးကဏ္ဍထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အတွင်းရှိ အထွေထွေစီးပွားရေးသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ နိုင်ငံ့စီးပွားထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။