ကျုံပျော် မတ် ၃၀
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအားသက်ဆိုင်ရာ ကျေးရွာကော်တီများထံသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံး အစည်းအဝေးခန်းမ၌ မတ်လ ၃၀ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။
ဦးစွာ ကျုံပျော်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းက ကျေးရွာပြည်သူများအတွက် အမှန်တကယ်အကျိုးရှိစေမည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်သွားရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးလိန်းကွီးက ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ရေပေးဝေရေးလုပ်ငန်း (၄) ခု၊ ကုန်ထုတ်လမ်း(၃)ခု၊ VDP စီမံကိန်း (၆)ရွာနှင့် Smart Village ကျေးရွာ တစ်ရွာတို့အား သက်ဆိုင်ရွာ ကျေးရွာကော်မတီများထံသို့ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)