မြင်းခြံ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ(ဒုတိယနေ့)ကို ယနေ့ နံနက် ၉ နာရီက ရွှေပြည်စိုး သာသနာ့ဗိမာန်တော်တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ဒုတိယနေ့)ကို ဖြေဆိုလျက်ရှိရာ ကစ္စည်းသဒ္ဒါကြီး ပထမကြီးတန်း ဖြေဆိုသံဃာ ၃၃ ပါး၊ ပထမလတ်တန်း ဖြေဆိုသံဃာ အပါး ၄၀ နှင့် သီလရှင်နှစ်ပါး၊ ပထမငယ်တန်း ဖြေဆိုသံဃာ ၈၄ ပါးနှင့် သီလရှင် သုံးပါးါး၊ အခြေပြုမူလတန်း ဖြေဆိုသံဃာ ၁၂၁ ပါး ဝင်ရောက် ဖြေဆိုလျက်ရှိသည်။
ထို့သို့ စာဖြေ သံဃာတော်များနှင့် သီလရှင်များ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ အလှူရှင်များက ဝတ္ထုငွေများနှင့် အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)