အင်းစိန်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

အင်းစိန် မတ် ၃၁

ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြိုကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ အင်းစိန်မြို့နယ်လုံးဆိုင်ရာ ဝဇီရသာသနာ့ဗိမာန်တော်ကြီးတွင် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် အခြေပြုဟူ၍ ဝင်ရောက်ဖြေဆိုသည့် ကျောင်းတိုက်များမှ ရဟန်း၊ သာမဏေ၊ သီလရှင်များ စုစုပေါင်းစာရင်းရှိ (၈၅၈)ပါးရှိပြီး ​ဖြေဆို(၇၁၀)ပါး၊ ပျက်ကွက် (၁၄၈)ပါးဖြစ်၍ ဖြေဆိုမှုရာခိုင်နှုန်းမှာ ၈၂.၇၅% ဖြစ်ကြောင်းသိရသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုရာသို့ အင်းစိန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့်တာဝန်ရှိသူများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး စာမေးပွဲအား (၂၉.၃.၂၀၂၆)ရက်နေ့မှ (၄.၄.၂၀၂၆)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

ထွန်းလင်းကျော် (ပြန်/ ဆက်)