ကလော မေ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ မကြာမီဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီက ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့၊ ကလောတပ်နယ် အရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ လူမှူရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာသို့ ကလောတပ်နယ်ကျောင်းအုပ်ကြီးနှင့် အဖွဲ့ဝင်များက ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲနှင့် ဝန်ထမ်းများ၊ ကလောတပ်နယ်အရာရှိစစ်သည်နှင့် မိသားစုများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဝန်းအတွင်းရှိ ချုံနွယ်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းနေမှုကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)