ဖျာပုံ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနေဖြင့် မေလ (၂၃) ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ရည်ရွယ်၍ ဖျာပုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းနှင့်ကျောင်း ပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ခြုံနွယ်များနှင့်ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ယနေ့နံနက် (၇) နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့မှဖျာပုံမြို့အ.ထ.က (၂) ကျောင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေး ကျောင်းဝန်းအတွင်း၊ အပြင်မှအမှိုက်များရှင်းလင်းခြင်း၊ ခြင်၊ ယင်ပေါက်ဖွားမှု မဖြစ်ပွားစေရေး ခြုံနွယ်များရှင်းလင်းခြင်း၊ မြက်ပင်များအားမြက်ရိတ်စက်များဖြင့် ဖြတ်တောက်ခြင်း တို့ဆောင်ရွက်ကြပြီး၊ မီးရှို့ရန်လွယ်ကူသော အမှိုက်များအားမီးရှို့ကာ ကျန်အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့်လိုက်လံ သိမ်းဆည်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် အပတ်စဥ်စနေနေ့တိုင်း အခြေခံပညာကျောင်းများ၊ ဘုရား၊ စေတီပုထိုးများ၊ သောက်ရေကန်များမြို့ဝင်မြို့ထွက် နေရာများတွင် စုပေါင်သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်လျက်ရှိကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)