ပခုက္ကူ မေ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
ပခုက္ကူမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သော မိုခါမုန်တိုင်းအန္တရာယ်ကြောင့် မြို့ပေါ် ရပ်ကွက်ရှိချောင်းရေနှင့် ကျေးရွာများရှိတောင်ကျချောင်းရေများ ကျဆင်းမှုဘေးအန္တရာယ်မှ ရှောင်ရှားနိုင်စေရန်အတွက် ပခုက္ကူမြို့၊ အမှတ်(၁၅)ရပ်ကွက်၊ ဆင်ပေါက်လှရပ် (၇)အိမ်တန်းဓမ္မာရုံတွင် ယာယီပြောင်းရွှေ့နေထိုင်ခဲ့ကြသည့် ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု(၂၂၀)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်သုံးပြည်၊ ခေါက်ဆွဲခြောက်သုံးထုပ်၊ ရေသန့်တစ်လီတာဘူး သုံးဘူးနှုန်းစီ စသည့် စားနပ်ရိက္ခာပစ္စည်းများကို ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ဒုတိယ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ယုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုး၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်သန္တာရွှေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး မျိုးမင်းအောင်တို့က ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)