နန်းယွန်း မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်း ကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးရှန်ယုန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းကျောင်းကို တွဲဖက်ဖွင့်လှစ်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသူများ၏ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်းကျောင်း တွဲဖက်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးမှုများ အပေါ် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးရှန်ယုန်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးရှန်ယုန်၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝါးရှမ်း၊ မြို့မိ၊မြို့ဖများနှင့် ကျောင်းသား/ကျောင်းသူများ၏ မိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟန်ကမ်း(နန်းယွန်း)