အုတ်တွင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်တွင်းရှိ ဌာနဆိုင်ရာအဖွဲ့များ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက် ဓမ္မစေတီလမ်း အ.ထ.က (အုတ်တွင်း)ကျောင်းရှေ့မျက်နှာစာနှင့် ကျောင်းတွင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာအဖွဲ့များက မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဈေးရပ်ကွက် ဓမ္မစေတီလမ်း အ.ထ.က(အုတ်တွင်း) ကျောင်းရှေ့မျက်နှာစာနှင့် ကျောင်းတွင်း အမှိုက်များရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေးရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့သည်။
အုတ်တွင်းမြို့နယ်အနေဖြင့် သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းကာ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)