ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာ​​​ကျောင်းတွင် စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်

ဖား​ဆောင်း မေ ၂၀

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ ​မေလ ၂၃ ရက်​နေ့မှ ၃၁ ရက်​နေ့ထိ ပြုလုပ်မည့်​ ကျောင်းအပ်နှံ​ရေးသီတင်းပတ်နှင့် ဇွန်လအတွင်းအ​​ခြေခံ​ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ​ကျောင်းသား၊​ ကျောင်းသူများ စိတ်ချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေးအတွက်​ ကျောင်းများဥပတိရုပ်​ ကောင်းမွန်လှပ​စေရန် ဌာနဆိုင်ရာများ ပူး​ပေါင်းအဖွဲ့များဖြင့် ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယ​​နေ့နံနက် ၇ နာရီခွဲအချိန်က စု​ပေါင်းသန့်ရှင်း​ရေး​ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့သန့်ရှင်း​ရေး​ဆောင်ရွက်​နေမှုကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များကလှည့်လည်ကြည့်ရှုအား​ပေးခဲ့ကြပြီး မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ​ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးများနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများက ​ကျောင်းတွင်းနှင့်​ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ​ရေးအတွက်ချုံနွယ်များ၊ အမှိုက်သရိုက်များခုတ်ထွင် ရှင်းလင်းခြင်း၊ အ​ဆောက်အအုံနှင့် မလွတ်ကင်း​သော သစ်ကိုင်းများအား ရှင်းလင်း​ပေးခြင်း၊​ ရေစီး​ရေလာ​ကောင်းမွန်​စေ​ရေး​ရေ​မြောင်းများ ဆယ်ယူရှင်းလင်းခြင်း၊ အမှိုက်များမီးရှို့ခြင်း၊ မြို့နယ်စည်ပင်သာယာ​ရေး အဖွဲ့ပိုင်​မော်​တော်ယာဥ်ဖြင့် အမှိုက်များသယ်ယူ၍ သတ်မှတ်​နေရာ၌ စနစ်တကျစွန့်ပစ်ခြင်းတို့ကို စု​စုပေါင်းအင်အား(၁၀၈)ဦးဖြင့် ​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

နန်းသဲနု​​အောင်(ဖား​ဆောင်း)