ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ကျောက်ဖြူမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့်နေရာများအား ကြည့်ရှုစစ်ဆေး

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများရှိသည့် စာသင်ကျောင်းများနှင့် ပျက်စီးဆုံးရှုံးသည့် နေရာများအား လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့) ဆေးကုသပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးစံပယ်ဂူတောင် ဂူဘုရားများ ဘက်စုံထိန်းသိမ်းပြုပြင်ရန် အလူငွေ ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံကျေးရွာအုပ်စုရှိ စံပယ်ဂူတောင် ဂူဘုရားများအား ဘက်စုံထိန်းသိမ်းပြုပြင်နိုင်ရန်အတွက် ဘုရားကြီး ကျောင်း ပဝါရဏာ ဂိုဏ်းချုပ် နိတုံမွန်ကျောင်း ဆရာတော်ကြီးအား အမှူးထား၍ ဘုရားကြီးကျောင်း ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ ဝန်ဆောင် ဘဒ္ဒန္တဝါရီန္ဒ ဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ဒါယိ ကာမများမှ မတည် လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ကျိုက်မရောမြို့စံပယ်ဂူ တောရကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

နမ့်စန်တွင် အခြေခံစားသောက်ကုန်များနှင့် ဟင်းသီးဟင်းရွက်၊ သား၊ ငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် နမ့်စန်တပ်နယ်မှ အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီက နမ့်စန်-ခိုလမ် ပြည်ထောင်စု လမ်းမကြီးဘေးရှိ မြို့နယ်ခန်းမအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဝါးခယ်မမြို့၌ အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်အတွက် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း အထောင်မြို့တွင် မျက်စိ(အခမဲ့) ကုသပေးမှုကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ မေလ ၂၀ ရက် နံနက် ၁၀ နာရီက ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့တွင် မျက်စိ(အခမဲ့) ကုသပေး‌နေမှုအား လာရောက်ကြည့်ရှု၍ အားပေးခဲ့ကြောင်း သိရသည်။

အလုံမြို့နယ်၌ MIP ဆိပ်ကမ်းရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အလုံမြို့ နယ်၊ ‌ဧရာ၀တီရပ်ကွက်၊ MIP ဆိပ်ကမ်းရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆေးကုသပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာစာသင်ကျောင်း၌ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

နန်းယွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့် ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် သက်မွေး ပညာရပ်တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့်ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

စမ်းချောင်းမြို့နယ် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(လယ်)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယ‌နေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
Subscribe to