ပခုက္ကူမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆန်ကြာဆံများဆက်ကပ်လှူဒါန်း

ပခုက္ကူ  မေ ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း ကြသည်။

ထိုသို့လှူဒါန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးနှင့်ဝန်ထမ်းများက ပခုက္ကူမြို့၊ အမှတ်(၃)ရပ်ကွက်၊ မောကုတ်ရိပ်သာကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအတွက် ဆန်ကြာဆံအိတ်(၈)အိတ်ကို သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။       

ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆန်ကြာဆံနှင့်ပဲဆီများ ဆက်ကပ်လှူဒါန်းခြင်းကို လစဉ်အလှည့်ကျ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

ခရိုင်(ပြန်/ဆက်)