ပေါင်းတည် မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇီးပင်လှ ကြိုးဝိုင်းအနီးရှိ လိပ်ခွဲကျေးရွာ ကြာနီကန်ရေကန်ဝန်းကျင် ကျေးရွာပိုင်မြေတွင် ယမန်နေ့ နံနက် ၉နာရီက ဒေသခံကျေးရွာပြည်သူများ နှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါ သစ်ပင်စိုက်ပွဲတွင် မြို့နယ်သစ်တောဦးစီးမှူးဦးဗန်လာအဲငါနှင့်တောအုပ်ကြီး ဦးအောင်စိုးမိုးတို့က အနီးကပ်ကြီးကြပ်၍ သစ်တောဦးစီးဌာနမှ ဝန်ထမ်း ၃၅ဦးတို့နှင့်ဒေသခံ ကျေးရွာ ပြည်သူများပူးပေါင်းကာ သစ်မျိုးစုံ အပင် ၂၀၀ကို စိုက်ပျိုးကြကြောင်းသိရသည်။
ယင်းသို့ သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ လာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျ လာစေရန် ၊ဂဟေစနစ် တည်ငြိမ်လာစေရန်နှင့် သစ်တော သစ်ပင်များ စိုက်ပျိုးခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဒေသခံပြည်သူများ ရရှိခံစား နိုင်စေရန် ရည်ရွယ်၍ ဒေသခံများနှင့်ပူးပေါင်းကာသစ်ပင်စိုက်ပွဲများ ပြုလုပ်ဆောင်ရွက် နေရခြင်းဖြစ်ကြောင်း၊ ယနေ့ သစ်တောသစ်ပင် စိုက်ပျိုးပွဲတွင် ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်နှင့်ခရေပင်များ စိုက်ပျိုးထူထောင် နိုင်ခဲ့ကြောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
သူရကြီး (ပြန်/ဆက်)