ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးစံပယ်ဂူတောင် ဂူဘုရားများ ဘက်စုံထိန်းသိမ်းပြုပြင်ရန် အလူငွေ ပေးအပ်ပွဲကျင်းပ

ကျိုက်မရော မေ ၂၀

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နိတုံကျေးရွာအုပ်စုရှိ စံပယ်ဂူတောင် ဂူဘုရားများအား ဘက်စုံထိန်းသိမ်းပြုပြင်နိုင်ရန်အတွက် ဘုရားကြီး ကျောင်း ပဝါရဏာ ဂိုဏ်းချုပ် နိတုံမွန်ကျောင်း ဆရာတော်ကြီးအား အမှူးထား၍  ဘုရားကြီးကျောင်း  ပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ ဝန်ဆောင် ဘဒ္ဒန္တဝါရီန္ဒ ဆရာတော်ဘုရားကြီးနှင့် တပည့်ဒါယိကာ၊ဒါယိ ကာမများမှ  မတည်လှူဒါန်းငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီအချိန်က ကျိုက်မရောမြို့စံပယ်ဂူ တောရကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ကြွရောက်လာသော ဆရာတော်သံဃာတော်များနှင့် အလှူရှင်များက န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍  ဘုရားကြီးကျောင်းပဓာန နာယက ဆရာတော်ဘဒ္ဒန္တ ဝါရီန္ဒထံမှ ငါးပါးသီလခံယူခဲ့ကြသည်။ ထို့နောက် စေတနာရှင် အလှူရှင်များက စံပယ်ဂူတောင်ရှိ ဂူဘုရားများအား ဘက်စုံထိန်းသိမ်းပြုပြင်နိုင်ရန် ရည်ရွယ်၍ မတည်ငွေ သိန်းနှစ်ရာကျပ်အား  စံပယ်ဂူ တောရကျောင်းမှ ဆရာတော်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ စံပယ်ဂူတောင်ဘုရားသည် ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာအုပ်စု၌ တည်ရှိပြီး သဘာဝလှိုင်ဂူကြီးတစ်ခုဖြစ်ကာ ထူးခြားလှပသော ကျောက်စက်ပန်းဆွဲများ၊ ကျောက် စက်မိုး မျှော်များဖြင့် ထူးခြားလှပစွာ သဘာဝအတိုင်း တည်ရှိပြီး အဆိုပါ နေရာကို ခရီးသွားပြည်သူများ အထူးစိတ်ဝင်စားလျက်ရှိပြီး ခရီးသွားလုပ်ငန်းဖွံဖြိုး တိုးတက်စေရန်နှင့်  နိုင်ငံခြားသား ဧည့်သည်များ  လာရောက်လေ့လာကြည်ရှုနိုင်ရန် အတွက် လက်ရှိဂူဘုရားများအား ဘက်စုံတိုးတက်စေရန် ပြုပြုင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျိုက်မရော(ပြန်/ဆက်)