ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ(အခမဲ့) ဆေးကုသပေး

ဘူးသီးတောင် မေ ၂၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာ စာသင်ကျောင်း၌ ဒေသခံ ပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်၌ မေလ (၁၄) ရက်နေ့က ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှု ခံစားခဲ့ရသော ပြည်သူများအတွက် ဆေးကုသမှု အခက်အခဲမရှိစေရန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အထွေထွေရောဂါကုပါရဂူများ ပါဝင်သော အဖွဲ့သည် မုန်တိုင်းရှောင်ပြည်သူများ၊ ကျေးရွာအုပ်စုများမှ ပြည်သူများတို့သည် သွားရောဂါခံစားနေရသော ပြည်သူများ၊ မျက်စိအားနည်းသောသက်ကြီးရွယ် အိုများ၊ နာမကျန်းဖြစ်နေသော ကလေးသူငယ်များစသော ပြည်သူများလာရောက်၍ ဆေးကုသမှုခံယူကြရာ လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကုသေပေးမှုများ (အခမဲ့) ဆက်လက်ဆောက်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာသို့ ဘူးသီးတောင်မြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆေးကုသပေးနေမှုများအား လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားခဲ့ပြီး အဆိုပါကျေးရွာ၌ ဂါလံ(၂၀၀၀)ဆန့် တပ်မတော်ရေသယ်ယာဥ်ဖြင့် ရေသန့်ပေးဝေလှူဒါန်းနေမှုများကို ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)