မြောက်ဦးမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသည့် စာသင်ကျောင်းများအား ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မြောက်ဦး  မေ ၂၀

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) တိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့ရမှုများနှင့်ပတ်သက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၈ နာရီခွဲက မုန်တိုင်းဒဏ်ခံခဲ့ရသည့် စာသင်ကျောင်းများ၏ ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဗိုလ်ချုပ်သောင်းထိုက်ရွှေ ဦးဆောင်သော အဆိုပါစစ်ဆေးရေးအဖွဲ့သည် မြောက်ဦးမြို့ပေါ်ရှိ စာသင်ကျောင်းများဖြစ်သော အ.ထ.က (၁)၊ အ.ထ.က(ခွဲ) (၁)၊ တောင်ရပ် အ.မ.က (မူလွန်) ကျောင်းများသို့ သွားရောက်ပြီး မုန်တိုင်းဒဏ်သင့်ခဲ့မှုများနှင့် ပတ်သက်၍ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရန်နှင့် ကျောင်းဖွင့်ရက် မတိုင်မီ ပျက်စီးသွားသည့်ကျောင်းများ အမြန်ဆုံး ပြုပြင်ပြီးစီးနိုင်ရေး ခရိုင်၊ မြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကာ ဖြည့်ဆည်းဆောက်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)