ကျောက်ကြီး မေ ၂၁
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တု အဝိုင်းအနီးတွင် မြို့နယ်ပညာရေးမှူး ရုံးက ဦးဆောင်ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ ဆိုင်းဘုတ်အား ယမန်နေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိအောင် မေလ ၂၃ ရက်နေ့မှ စတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နိုင်ပြီးဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှအခကြေးငွေ တစ်စုံတစ်ရာကောက်ခံမှု လုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ တို့ကို အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးကဲများ၊ ပညာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)