ဒဂုံမြို့နယ်တွင် သွေးလွန်တုပ်ကွေး​ ရောဂါကာကွယ်​ရေးအတွက် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ​ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများတွင် ကွင်းဆင်းဆောင်ရွက်

 ဒဂုံ မေ ၂၁

ရန်ကုန်တိုင်း​ဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများအား မြေပြင်ကွင်းဆင်း လိုက်လံဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက်ပိုင်းမှစ၍ ဒဂုံမြို့နယ်ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒဂုံမြို့နယ်ကျန်းမာ​ရေးဦးစီးဌာနမှူး ​ဒေါက်တာ​ရွှေပြည် ဦး​ဆောင်၍ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဒဂုံမြို့နယ်အတွင်းရှိ ပညာ​ရေးမှုးရုံး၊အ​ခြေခံပညာ​ကျောင်းများနှင့် ဝန်ထမ်းအိမ်ရာများရှိ ရေလှောင်ကန်များ၊ ရေ စည်၊ ရေအိုးများ၊ ဘုရားပန်းအိုးများနှင့် ခြင်များပေါက်ပွားနိုင်သောနေရာများကို လိုက်လံ စစ်ဆေးခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ​ကြောင်း သိရသည်။

ဒဂုံမြို့နယ်အတွင်း နေထိုင်သူများအနေဖြင့် ဖုံး၊ သွန်၊ လဲ၊ စစ်များကိုစနစ်တကျ အသုံးပြုသွားရန်နှင့် သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်နိုင်​ရေးအတွက်လည်း အသိပညာ​ပေး​ဆွေး​နွေး​ပေးခြင်း၊ လက်ကမ်းစာ​စောင်များ​ဝေငှ​ပေးခြင်း စသည့်ကျန်းမာ​ရေးနှင့် ပတ်သက်​သော အသိပညာပေးလုပ်ငန်းများကိုပါ ​ကျောင်းများအားလုံးသို့ ကွင်းဆင်းဆောင်ရွက် ပေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ကြည်ဇေသော်