စဉ့်ကိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်ချစ်နိုင်(စိတ်ပညာ)၏"အောင်ပွဲခံသူဖြစ်ပါစေ"စာအုပ် စာဖတ်ဝိုင်းကျင်းပ

စဉ့်ကိုင်   မေ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင်ယမန်နေ့နံနက်(၁၀)နာရီက စာအုပ် စာစောင်ချစ်မြတ်နိုး သူများအသင်းနှင့်ပူးပေါင်း၍ စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏" အောင်ပွဲခံသူဖြစ်ပါစေ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ   ဒေါ်ဝင်းဝင်းသန်းက လူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေး အခေါ်ဗဟု သုတရင့်သန်တိုးပွားလာစေရန် ၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း      ရှင်းလင်းပြောကြားခဲ့ပြီး  စာအုပ်စာ စောင်ချစ်မြတ်နိုး သူများအသင်း   ဥက္ကဋ္ဌဦး၀င်းကြည်က "အရေးကြီးတာအရင်လုပ်"ခေါင်းစဉ်ဖြင့် ရွေးချယ်မှုကအရေးကြီးပါတယ်၊ ဘယ်ကိုသွား မလဲ၊ ဘာကိုလုပ်မလဲ၊ ဘယ်တစ်ခုကို ဦးစားပေး မလဲဆိုတာ   သေချာစွာသုံးသပ်ဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက်စာအုပ် စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်ဦး၀င်းလှိုင် က"  အောင်ပွဲ ခံသူဖြစ်ပါစေ" ခေါင်းစဉ်ဖြင့် အပြုသဘောနဲ့ ကောင်းစွာရှာဖွေတတ်သူဖြစ်ရမယ်၊ အချိန်မဆွဲဘဲချက် ချင်းလုပ်တတ်တဲ့အလေ့ အထအကျင့်ကို ပျိုးထောင်ရမယ်၊ ကျေးဇူးသိတတ်တဲ့စိတ် နေသဘောထားမွေးမြူရမယ်၊ လုပ်သင့်တဲ့အရာကို လုပ်နိုင်ရမယ်၊ နှစ်သက်နိုင်ရမယ်စသည်ဖြင့် ဆွေးနွေးခဲ့ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူး ဦးအေးကိုက "အတွေး မကောင်း ရင်ကံဆိုးတတ်တယ်" ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍  ဒု- ဥက္ကဋ္ဌ    ဦးသန်း၀င်း  က   " အတွေးကောင်းမှအကြံကောင်းမှအလုပ်ကောင်းမည်"ခေါင်းစဉ်ဖြင့် လည်းကောင်း၊  ဒေါ်ခင်ဆန်းအဖွဲ့၀င်က " မိုးကြိုး  အန္တရာယ်သတိပြုရမည့် အချက်များ ခေါင်းစဉ်ဖြင့်လည်ကောင်းစသည့် အကြောင်းအရာများဖြင့် အသီးသီးဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာသော စာပေဝါသနာရှင်စာဖတ်ပရိတ်သတ်များမှလည်း  မိမိတို့လေ့လာဖတ်ရှု ထားသည်များ ကိုလည်းဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။  

၀င်း၀င်းသန်း(စဉ့်ကိုင်)