ကြို့ပင်ကောက် မေ ၂၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၃ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေပေးအပ်ပွဲကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်း ဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာ ဦးကျာ်သူရက ချေးငွေစည်းကမ်းချက်များ နှင့်အညီချေးငွေထုတ်ချေးပုံ အဆင့်ဆင့်နှင့် ပြန်လည်ပေး ဆပ်ရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြား၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသန့်ဇင်ဦး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းသိန်းတို့က ချေးငွေများ ပြန်လည်ပေးဆပ်နိုင် ရေးတို့ကို ရှင်းလင်း ပြောကြားပြီး တိုင်းဒေသကြီး မန်နေဂျာနှင့် တာဝန်ရှိသူများက အစောဆုံးပြန်လည် ပေးဆပ်ခဲ့သော တောင်သူတစ်ဦးချင်းစီထံသို့ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ကိုထုတ် ချေး ပေးခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၃ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေများကို လျာထားဧက(၁၂၀၀၀၀)ကို ချေးငွေကျပ်သိန်းပေါင်း(၁၈၀၀၀၀)အား ထုတ်ချေးရန်လျာထား ဆောင်ရွက်ထားပြီး အ ပြေအကြေ ပြန်လည်ပေးဆပ်ခဲ့ သော လက်ပံ့ပင်စု ကျေးရွာအုပ်စုမှ တောင်သူ (၈၅) ဦး၏ လယ်ဧ (၅၁၇) အတွက် ချေးငွေကျပ် ၇၇၅ ဒသမ ၅ သိန်း ကျပ်အား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မန်နေဂျာ ဒေါ် စိုးစိုးဦး ထံမှသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)