စမ်းချောင်း မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညနေ ၅နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး၊ လေပြင်းများတိုက်ခတ်မှုကြောင့် ဝေဠုဝန်(တောင်)၊ ဝေဠုဝန်မြောက်၊ အောင်ချမ်းသာ၊ မုန့်လက်ဆောင်းကုန်း(တောင်)၊ ကျွန်းတော(မြောက်)၊ လင်းလွန်း(တောင်)၊ မြေနီကုန်းတောင်နှင့် သီရိခေမာရပ်ကွက်များတွင် သစ်ပင်များနေအိမ်အဆောက်အဦနှင့် လျှပ်စစ်မီးကြိုးများပေါ်သို့ လဲကျခြင်းကြောင့် နေအိမ်အဆောက်အဦနှင့် လျှပ်စစ်မီးတိုင်များ ကျိုးကျပျက်စီးခဲ့သည်။
စမ်းချောင်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဌာနနှင့်လူမှုရေးအသင်းအဖွဲ့များက သစ်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ လဲကျသွားသော ဓါတ်မီးတိုင်များအား အသစ်လဲလှယ်ခြင်း၊ လမ်းများပေါ်ရှိ အမှိုက်များရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။ ထိုဖြစ်စဉ်ကြောင့် လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
အေးလင်း (ပြန်/ဆက်)