စမ်းချောင်း မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ယမန်နေ့ညနေ ၅နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းမများပေါ်တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထိုသို့ရေကြီးရေလျှံမှုကြောင့် ယာဉ်နှင့်ခရီးသွားခရီးလားများ သွားလာရေးအခက်အခဲများ ဖြစ်ပေါ်ခြင်းနှင့် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ စမ်းချောင်းမြို့နယ်ရှိ ပြည်လမ်း၊ ဟံသာဝတီလမ်း၊ ကျွန်တောလမ်း၊ ဗားဂရာလမ်းနှင့် ဗဟိုလမ်းတို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စမ်းချောင်မြို့နယ် သဘာဝဘေးကယ်ဆယ်ရေးဆပ်ကော်မတီ၊ စည်ပင်သာယာရေး၊ လျှပ်စစ်အဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များက လမ်းမများပေါ်လဲကျနေသော သစ်ပင်သစ်ကိုင်းများ၊ လျှပ်စစ်မီးကြိုးများအား ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်မွန်စေရေး ရေမြောင်းတွင် အမှိုက်များရှင်လင်းခြင်းလုပ်ငန်းများအား အလျှင်အမြန်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးလင်း(ပြန်/ဆက်)