မိုးမိတ်မြို့နယ်တွင် မကြာခင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်တော့မှာဖြစ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ကျောင်းတက်ပညာသင်ယူနိုင်ရေးအတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။