ပုဗ္ဗသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဥယျာဥ်ကျေးရွာအုပ်စု၊ ဆင်တဲကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်းဝန်းအတွင်း၌ ယနေ့နံနက်ပိုင်းက ကျေးရွာနေပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီးလာခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရန်ရည်ရွယ်၍ ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းဖြစ်ပြီး ယနေ့တွင် ဆင်တဲကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြပြီး နောက်ရက်များတွင်လည်း ထိုကျေးရွာအုပ်စုအတွင်း ကျန်ရှိနေသောကျောင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးရွာနေ ပြည်သူတစ်ဦးထံမှ သိရသည်။
လှိုင်မြင့်(ပြန်/ဆက်)