ပင်းတယ၌ နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း စာမေးပွဲကျင်းပ

ပင်းတယ မေ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၀)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅၅)ဦး၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉၄)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၈၉)ဦး ဝင်ရောက်ဖြေဆို ခဲ့ကြကြောင်းနှင့် စာမေးပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား မေလ (၂၈)ရက်နေ့တွင် ကျင်းပမည့် နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဆင်းပွဲ၌ ဆုလက်ဆောင်များနှင့် သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများမှ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပင်းတယမြို့နယ်တွင် မြို့နယ်သံဃနာယက ဆရာတော်ကြီးများမှ ကြီးမှူး၍ နွေရာသီအခြေခံ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကို အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း၊ လင်းလယ်အင်း၊ ဝါတရာ၊ ပွေးလှ၊ ရေဖြူ၊ ထင်းရှုးကုန်း၊ တောင်ပေါ်ကြီး၊ ရွှေနီ၊ သရက်ကုန်း စသည့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် ဆရာတော်သံဃာတော်များနှင့် ကျောင်းဆရာ/ကျောင်းဆရာများက သက်ဆိုင်ရာဘာသာရပ် များကို သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)