သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးပြုပြင်နည်းသင်တန်း ဖွင့်လှစ်

သာစည် မေ ၂၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုဘိုင်းဖုန်းဖြင့် ဓာတ်ပုံရိုက်ကူးပြုပြင်နည်း သင်တန်းကို မေလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီက  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌  ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားရာတွင် မိမိတို့ ဝန်ထမ်းများ အနေဖြင့်  မီဒီယာလုပ်ငန်းများ  ဆောင်ရွက်ရာတွင် ပိုမိုကျွမ်းကျင်မှုရှိရန်နှင့် တက်ရောက်လာသည့်  အခြားဌာနဆိုင်ရာဝန်ထမ်းများလည်း    ဌာနအတွက် မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးရာတွင် စနစ်တကျဖြင့် အသုံးပြုနိုင်ရန်ဖြစ်ကြောင်းတို့ကို ပြောကြားသည်။ထို့နောက် သင်တန်းကို စတင်ရာ ဦးထွန်းထွန်း ဓာတ်ပုံကျွမ်းကျင်-၂က မိုဘိုင်းဖုန်းဖြင့် မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးရာတွင် လိုက်နာရမည့် အခြေခံအချက်များ၊ အလင်းအမှောင်၊ ဓာတ်ပုံအယူအဆများ  စသည်ဖြင့်  ဓာတ်ပုံရိုက်ကူးခြင်း အခြေခံသဘောတရာများနှင့် ရိုက်ထား ပြီးသော မှတ်တမ်းဓာတ်ပုံများအား မိုဘိုင်းဖုန်းဖြင့် ပြုပြင်နည်းများကို ရှင်းလင်းဆွေးနွေးပြီး သင်တန်းသားများနှင့်အတူ လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ မှတ်တမ်းရိုက်ကူးနေသည့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                    

မြို့နယ်(ပြန်/ဆက်)