သာစည် မေ ၂၂
ကျောင်းဖွင့်ချိန် ကျောင်းသား/သူများ စိတ်အေးချမ်းစွာပညာသင်ယူနိုင်ရန် မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မေ ၂၀ ရက်နံနက် ၇ နာရီက မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သန့်ရှင်းရေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင် များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များက ကျောင်းဝင်းအတွင်းရှိ ပေါင်းမြက်များနှင့် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်လှည်းခြင်းနှင့် အမှိုက်များမီးရှို့ ရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းယာဉ်ဖြင့် အမှိုက်များသိမ်းဆည်း ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သာစည်မြို့၌ စုပေါင်းသန့်ရှင်းရေးကို ကျောင်းများမဖွင့်မီ ကာလအတွင်း ကျန်ရှိနေသော အခြေခံပညာကျောင်းများတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်