ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးနေမှုအား တာဝန် ရှိသူများက ကြည့်ရှုစစ်ဆေး

ဝမ်းတွင်း  မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၃၅)သိန်းဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းကျောင်း အတက်ပညာများရရှိစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိလာပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို မေလ ၁၇ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်းရှိ ကျေးရွာများမှ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်လိုသည့် သင်တန်းသူ ၂၅ ဦးအား အခမဲ့ ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ ၎င်းအခြေခံစက်ချုပ် သင်တန်းဖွင့်လှစ်သင်ကြားပေးနေမှုအား ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူ များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်သင်တန်းတွင်  စက်ကိုင်တွယ်အသုံးပြုနည်းများ၊ စက်နင်းလေ့ကျင့်ခြင်းနှင့် အခြေခံချုပ်ရိုးများချုပ်ခြင်း၊ အမျိုး သမီးဝတ်ရင်စေ့အင်္ကျီ၊ နောက်ကွဲခါးတင်အင်္ကျီ၊ အမျိုးသမီးဝတ် ရင်ဖုံး အင်္ကျီတို့ကို စာတွေ့လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)