ပုဗ္ဗသီရိ မေ ၂၂
ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ မကွေးတိုင်းဒေသကြီး ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်း၊ ကျောင်းအခြေပြု ကင်းထောက်အဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက လာရောက်လေ့လာ ဖူးမြော်လေ့လာခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်လေ့လာရာတွင် မကွေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်နှင့်ဆရာ၊ ဆရာမ ၁၃ ဦးမှ ဦးဆောင်၍ မကွေးတိုင်းဒေသကြီး ပညာရေးဝန်ကြီးဌာနအခြေခံပညာကျောင်း ကျောင်းအခြေပြု ကင်းထောက်အဖွဲ့မှ ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၄၀ ဦး၊ စုစုပေါင်း ၈၂ ဦးတို့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညို၍ ဘုရာရင်ပြင်အား သန့်ရှင်းရေးကုသိုလ်ပြုလုပ်ကာ အလှူငွေငါးသိန်းကျပ်အား လှူဒါန်းခဲ့ရာ ဘုရားဂေါပကဥက္ကဋ္ဌ ဦးထွန်းကြည်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)