ငပုတော မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အထက်ပြွန်ကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ အထက်ပြွန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ရှိကျေးရွာများမှ ပြည်သူများနှင့်တွေ့ ဆုံခဲ့သည်။
ထို့သို့တွေ့ဆုံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူက ကျောင်းနေအရွယ်အားလုံး ကျောင်းရောက်ရှိရေး KG+9 ပြီးသည်အထိ အတန်းထိမ်းနှုန်း ၁၀၀ ရာနှုန်းပြည့်ဝစေရေး၊ ပညာရေးအဟောသိကန်ဖြစ်မှုမရှိရေး၊ Grade-9 ပြီးသူများ စိုက်မွေးပညာသင်ကျောင်းများ တက်ရောက်ရေးနှင့် အခွင့်အလန်းများစပါးတစ်ဧက ၁၀ တင်းနှုန်းအထွက်တိုးရေး သီးထပ်စိုက်ပျိုးခြင်းဖြင့် စိုက်စွမ်းအားတိုးမြှင့်ရေး သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာသုံးစွဲရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းနှင့်ပတ်သက်သည့် ဆောင်ရွက်ပေးနေမှုများ သဘာဝဘေးဆိုင်ရာသိဖွယ်ရာများ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ကျောင်းများနှင့်ရပ်ရွာသန့်ရှင်းရေး သွေးလွန်တုပ်ကွေးကာကွယ်ရေး ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးထိုးရေး စိုက်ဘဏ်အကြွေးများပြန်လည်ပေးဆပ်နိုင်ရေးပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးသန်းဦး က ကျေးရွာသန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးကိစ္စများ၊ ယာဉ်/လမ်း အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းကျဆင်းရေးများ ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိဦးမင်းအောင်မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကာ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများက မိမိတို့ဌာနမှ ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကျေးရွာနေပြည်သူများက ကျေးရွာလိုအပ်ချက်များ ပြန်လည်တင်ပြလာမှု များအပေါ်သက်ဆိုင်ရာတာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)