ကျောင်းကုန်း မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်၌ သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်ခန့်က အဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ကြသည်။
ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) ကြောင့် မိုးရွာသွန်းပြီး ရပ်ကွက်အတွင်း ခြင်ပေါက်ဖွားမှုများပြားလာသဖြင့် ပြည်သူများ သွေးလွန် တုပ်ကွေးကြိုတင်ကာကွယ်ရေးနှင့် ငှက်ဖျားရောဂါကင်းဝေးစေဖို့အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့်အဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်းကို စုပေါင်း၍ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ အောက်ပိုင်းအခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၁) အခြေ ခံပညာအထက် တန်းကျောင်းများသို့လည်း အဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်း ဆောင် ရွက်ခဲ့ကြသည်။ အဆိုပါအဘိတ် Abate ဆေးခတ်ခြင်းလုပ်ငန်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသ မီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကျန်းမာရေးဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများအတူတကွ ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)