ပုဗ္ဗသီရိ မေ ၂၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစားသင်တန်းဆင်းပွဲကို YGW ပရဟိတဂေဟာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ပုဗ္ဗသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးနှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား သင်တန်ဆင်းလက်မှတ်နှင့် အားကစားဝတ်စုံများ၊ နည်းပြဆရာဆရာမအား နည်းပြထောက်ပံ့ကြေးများ အသီးသီး ချီးမြှင့်ပေးခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းနှင်းအေးမှ ဦးဆောင်၍ ပုဗ္ဗသီရိမြို့နယ်တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပေးခဲ့ရာ ကျည်တောင်ကန် အမှတ်(၁)အားကစားကွင်း၌ ဘောလုံးနှင့် ပိုက်ကျော်ခြင်းသင်တန်းအား မတ်လ ၅ ရက်နေ့ မှ ဧပြီလ ၅ ရက်နေ့အထိလည်းကောင်း၊ YGW ပရဟိတဂေဟာတွင် မြန်မာ့သိုင်း၊ ဘောလီဘောနှင့် Fitness Dance သင်တန်းကို မေ ၁ ရက်မှ မေလ၂၁ ရက်နေ့ထိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပုဗ္ဗသီရိ)