ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ “ရွှေဘိုအတွေး ရွှေဘိုသွေး” စာပေအနုပညာမဂ္ဂဇင်းအမှတ်(၂)၊ ၂၀၂၂ ခုနှစ် စာအုပ်မှ၊ ဆရာနဂျယ်အိမ်(ရွှေဘို)ရေးသားသည့် "တတိယမြန်မာနိုင်ငံတည်ဆောက်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းအကျဥ်း" ဆောင်းပါးဖြင့် ယမန်နေ့ နံနက်(၁၁)နာရီချိန်က စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။