တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကျောင်းဆောင်သစ်အပ်နှံပွဲ အခမ်းအနားသို့တက်ရောက်

ညောင်တုန်း မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် မေလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ  စိုက်ပျိုး၊ မွေးမြူ‌ရေး အထက်တန်းကျောင်း ဧရာရွှေပြည်ကျောင်းဆောင်သစ်အပ်နှံပွဲသို့ တက်ရောက်ခဲ့သည်။

အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် လူမှုရေးဝန်ကြီး  ဦးမောင်မောင်သန်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဧရာရွှေပြည် ကျောင်းဆောင်သစ်အပ်နှင်းခြင်း အထိမ်းအမှတ် ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများ‌ ဆောင်ရွက်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းဆောင်သစ်ခန်းမတွင် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းအကျိုးတော် ဆောင်များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့ပြီး New May 9 Construction Co,.ltd မှ ကျောင်းဆောင်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းပေး အပ်၍ ကျောင်းအကျိုးဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အုန်းပင်စုကျေးရွာ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိ၍ ယာယီကျောင်းဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်‌ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)