ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်ဌာနဆိုင်ရာများဖြင့် ထောက်ပံပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့် လုပ်ငန်းများအားညှိနှိုင်းဆောင်ရွက်

ရသေ့တောင် မေ ၂၂

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်တွင် မ.စ.ဖအဖွဲ့ဝင်များနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်ဌာနဆိုင်ရာများဖြင့် ထောက်ပံပစ္စည်းများပေးအပ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ဆောင်ရွက်ရန်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည ၆ နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရှိ Command post တွင် ဆောင်ရွက်ခဲ့ရွက်ကြသည်။

ရှေးဦးစွာ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်က ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီစနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ် ပြီးစီးမှုရာနှုန်းအလိုက် အစီရင်ခံတင်ပြကြရန်၊ အထောက်အပံ့ပစ္စည်းများကို အမှန်တကယ်လိုအပ်သူများမရရှိဘဲမဖြစ်ရအောင် စနစ်တကျ အိမ်ထောင်စုလိုက် ရပ်ကျေးဥက္ကဋ္ဌများနှင့် စာရေးများက ကောက်ယူဆောင်ရွက်ကြရန်နှင့် မုန်တိုင်းကြောင့် ပြိုပျက်သွားသောဌာနများအနေဖြင့် ရှင်းလင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား report တင်ပြကြရန် ပြောကြားပြီး တင်ပြချက်များရှိပါက တင်ပြဆွေးနွေးကြရန် ပြောကြားခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဝင် ဌာနဆိုင်ရာများ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရသေ့တောင်(ပြန်/ဆက်)