ကျောက်ဆည်မြို့နယ် ဘောလုံးကွင်းကို သံဇကာ ကာရံမည်

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ‌ကျောက်ဆည်မြို့နယ်တွင် အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းအား သံဇကာ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်၌ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မေလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝေဠုဝန်(မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက်    ယမန်နေ့နံနက်(၁၀)နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက   ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ထောက်ပံ့ငွေများ  ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။

ပုလောမြို့တွင် မိုးဦးကျကာလ သွေးလွန်ထုပ်ကွေးရောဂါကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့တွင် မိုးဦးကျကာလ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနှင့် ပိုးလောက်လန်းပေါက်ပွားမှုမှကာကွယ်နိုင်ရန် မေလ ၂၅ ရက် နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများတွင် အဘိတ် abate ဆေးခပ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုးညိုမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီကာလတွင် စိုက်ပျိုးနိုင်ရန်ပျိုးပင်ပေါင်း(၅၀၀၀) ပျိုးထောင်ထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်‌ရေးအတွက် မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၅၀၀၀) ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်း​သိရသည်။

မိုင်းပျဉ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က)နဝဒေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း မြန်အောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံသူများဖြင့် စည်ကား

၂၀၂၃-၂၀၂၄ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့" ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် အခြေခံပညာကျောင်းများတွင် ယနေ့အထိ ကျောင်းအပ်နှံသူ (၂၅၁၅၂)ဦးရှိ ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ပို့ချ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို အမှတ် (၃) ရပ်ကွက်၊ အ.မ.က လမ်းမတော်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဝေငြိမ်းက အမှာစကားပြောကြားသည်။

အ-ထ-က(အင်္ဂပူ)တွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ-ထ-က(အင်္ဂပူ)တွင် ယမန်နေ့ နံနက်ပိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များမှ ကြည့်ရှုအားပေးခဲ့သည်။

မိုင်းဆတ်မြို့၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အထက(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား/သူများအား ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က လူထုအ​ခြေ​ပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to