၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံမှု ဆက်လက်ဆောင်ရွက်ပေး

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အား မေ ၂၃ ရက်မှ ၃၀ ရက်အထိ သတ်မှတ်ထားရှိရာ မေ ၂၅ ရက် နံနက် ၉ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံကျောင်းများတွင် ကျောင်းအပ်နှံမှုများ အား တာဝန်ခံဆရာ/မများက ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်

ကရင်ပြည်နယ် ကေ့ာကရိတ် ကျိုက်ဒုံမြို့(အ.ထ.က)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား၊ကျောင်းသူများအား ယမန်နေ့ နံနက် (၉)နာရီက စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကုတင်(၁၀၀) ဆေးရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

ပုသိမ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် Mask Camping ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ရောကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၅)ရပ်ကွက်ရှိ အောင်ဧရာဈေးနှင့် ကိုးဆူစစ်ဆေးရေးဂိတ်တို့တွင် ယနေ့ နံနက်(၈)နာရီအချိန်က Mask Camping ပြုလုပ်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ စစ်ကြောင်းကြီး(၅)ကြောင်းမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မြို့နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းမှ ပန်ကြူအုပ်စု၊ နမ့်အော်ကျေးရွာရှိ ဘုရားကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်း ဖတ်ကြားခဲ့သော စာတမ်းနှင့် ပြခန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)တွင် ပုသိမ်တက္ကသိုလ်က တင်သွင်း ဖတ်ကြားခဲ့သော စာတမ်းနှင့် ပြခန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၈ နာရီက ကျိုက်ဒုံမြို့ အမှတ် ၃ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် သီးနှံစိုက်ခင်း ဧကပေါင်း ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မိုခါမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး သီးနှံစိုက်ခင်းများအတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပွားကာ သီးနှံစိုက်ဧကပေါင်း ၁၂၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၏ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်း အနားကို သင်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်း  ဖွင့်လှစ်သင်ကြားပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် ကျောင်းသား/သူများအား ယဉ်ကျေးလိမ္မာသင်တန်းကို ရွာဦးဘုန်းတော်ကြီးကျောင်း၌ သင်ကြားပေးလျက်ရှိသည်။  
Subscribe to