အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းမှု သင်တန်းကျောင်းတွင် အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး ကော်မတီမှ မွန်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် စက်တင်ဘာ (၁၂)ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံ စက်ချုပ်သင်တန်း ဆင်းပွဲ အခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်း ကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။