ဝမ်းတွင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဲတော-ဝမ်းတွင်း ပတ္တမြားခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနား သုံးခွမြို့၌ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာ၀န်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပျားများဖြင့် ဝတ်မှုံကူးခြင်းကြောင့် နေကြာဆီသီးနှံအထွက်နှုန်းတိုးခြင်းအကြောင်း သိကောင်းစရာဆွေးနွေးပွဲ စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောင်သူများ စိုက်ပျိုးသည့် သီးနှံများအထွက်နှုန်းကောင်းပြီး  လူမှုစီးပွားဘ၀တိုးတက်စေရန်  နည်းလမ်းအမျိုးမျိုးဖြင့်  ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ပျားလုပ်ငန်းဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁၁)နာရီက "ပျားများဖြင့်၀တ်မှုံကူးခြင်းဖြင့် နေကြာဆီသီးနှံ အထွက်နှုန်းတိုးခြင်း  အကြောင်းသိကောင်းစရာ"  ဆွေးနွေးပွဲကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများ ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ​​ေမလ ၂၆ ရက်နေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍  ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာကျောင်းများရှိ ကျောင်းဆောင်သစ်များတည်ဆောက်ပြီးစီးမှု အခြေအနေများကိုကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

စာရေးဆရာမသျှီအင်ကြင်းရေးသားသည့် ကမ်းဆင့်လက်မွန်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းအား ယနေ့နံနက်ပိုင်းအချိန် က စာရေးဆရာမသျှီအင်ကြင်းရေးသားသည့် ကမ်းဆင့်လက်မွန်စာအုပ်ဖြင့် ပြုလုပ်ခဲ့သည်။
Subscribe to