အမ်းမြို့နယ်၌ မြေပြင်လူဦးရေစာရင်း  ဆိုင်ရာအချက်အလက်များ ပြည့်စုံမှန်ကန်ရေး ကြီးကြပ်ရေးကော်မတီမှ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်​စေရေး အခြေခံလူဦးရေစာရင်းအား တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၈ နာရီ အချိန်က  ပျဉ်းတောကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ဂန့်ဂေါမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်ဆက်လက်ရောင်းချ

မကွေးတိုင်းဒေသကြီး၊  ဂန့်ဂေါမြို့၌  ဒေသခံပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ်မှ ငွေကျပ်သိန်း(၄၀) မတည်ငွေဖြင့် ဂန့်ဂေါခရိုင် သက်သာချောင်ချိရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဂန့်ဂေါမြို့နယ် သက်သာချောင်ချိရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ အပတ်စဉ်သောကြာနေ့တိုင်း ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် (၇)နာရီမှ(၉)နာရီအချိန်ထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့သည်။

ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များရောင်းချပေး

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့်  ယနေ့  နံနက် ၇နာရီက  ဆိပ်ဖြူမြို့ပတ္တမြားဈေးအနီး ဗိုလ်ချုပ်လမ်းနှင့် ရတနာလမ်းဆုံ၌ ဖြန့်ဖြူးရောင်းချပေးသည်။

ပခုက္ကူမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူရေးရာအကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်၉နာရီအချိန်က စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ဟိုပန်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် အမှတ်(၁၂၉)၊ ယာဥ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်း​ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အထက(ဟိုပန်)ကျောင်းရှိ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်မျိုးသန့်ခြံမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၅)ခုအား မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား မျိုးစပါးတင်းရေ ၇၀၀၀ ကျော် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ခဲ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နှစ်စဉ် မနောသုခ ၊ ဆင်းသုခ ၊ ရတနာတိုး ၊ ဧရာမင်း စပါးမျိုးကွဲ (၄)မျိုးအား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၊ နွေစပါးနှင့် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစပါးတင်းရေ ၇၀၀၀ ကျော် စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
Subscribe to