ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးမှုဖြစ်ပေါ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်ကျေးရွာအုပ်စု၊ ဆည်ကျေးရွာတွင် မေလ (၂၅) ရက်နေ့ည (၈:၃၀) ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်သုံးလုံး အမိုးလန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှသိရသည်။

ဒေးဒရဲမြို့နယ်၌ ကျေးရွာများအရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပါဝင်သည့် အဖွဲ့သည် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့်  ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်(၁၁)နာရီက မှော်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

လယ်ဝေးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁ )အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံ ရေးနေ့ အခမ်းအနားကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ငါးသိုင်းချောင်းမြို့၌ သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေး ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရေးအတွက် ဖုံးသွန်လဲစစ်ပြုလုပ်ခြင်းနှင့် အဘိတ်ဆေးထည့်ခြင်းတို့ကို ယမန်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ငဝန်ရပ်ကွက်၊ ရှမ်းတန်းလမ်းတွင် မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းအဖွဲ့များ၊ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိ

သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သဘာဝသစ်တောတိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသောရာသီဥတုရရှိစေရန်နှင့် အပူဒဏ်အန္တရာယ် ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ် (၇) ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးအရာရှိဦးမျိုးမင်းထွန်းထံက သိရသည်။

ချောင်းဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က ချောင်းဦးမြို့ အခြေခံပညာ အထက်တန်းကျောင်း၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊မြို့နယ် ပညာရေးမှူး နှင့် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများ တက်ရောက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေး သင်တန်းဖွင့်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား အရည်အသွေးမြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက  အ.ထ.က(၁)သာယာဝတီပညာ့အားမာန်ခန်းမ၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်ကြစို့" ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုတက္ကသိုလ်တွင် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရွှေဘိုတက္ကသိုလ်တွင် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ရွှေဘို မေ ၂၆ ခရိုင်(ပြန်/ဆက်)
Subscribe to