အင်္ဂပူ မေ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ-ထ-က(အင်္ဂပူ)တွင် ယမန်နေ့ နံနက်ပိုင်း ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှုကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များမှ ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရာသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးလှထွဋ်၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအသင်းဥက္ကဋ္ဌ ဒေါ်သန္တာဌေးတို့မှ သွားရောက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်၊ ခဲတံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းဝတ်စုံများ ပေးအပ်ခဲ့ပြီးနောက် မိဘများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေ အရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်အတိုင်း အင်္ဂပူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် မေ ၂၃ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)