ကျောက်ဆည်မြို့နယ် ဘောလုံးကွင်းကို သံဇကာ ကာရံမည်

ကျောက်ဆည် ‌မေ  ၂၆

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ‌ကျောက်ဆည်မြို့နယ်တွင် အားကစားကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရေး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်းအား သံဇကာ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ကြောင်း သိရသည်။

အဆိုပါသံဇာကာ ကာရံခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုငွေများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘောလုံးကွင်းနှင့်အတူ ဘောလုံးကွင်းအပြင်ရှိ မီတာ(၄၀၀)ပြေးလမ်းနှင့်အတူ အလျား(၁၆၀၀)ပေ ကာရံပေးသွားဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက အပြေးလေ့ကျင့်ခြင်း၊ ဘောလုံးကန်လေ့ကျင့်ခြင်းတို့ကို ပြုလုပ်နိုင်တော့မည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)