စမ်းချောင်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မေလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဝေဠုဝန်(မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက် ယမန်နေ့နံနက်(၁၀)နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက်၍ ထောက်ပံ့ငွေများ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဘဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးမျိုးမြင့်တို့က ဝေဠုဝန်(မြောက်)ရပ်ကွက်၊ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြီး နေအိမ်ပျက်စီးသည့် အိမ်ထောင်စု(၆)စုအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ် ၄၅၄၁၀၀/- (လေးသိန်းငါးသောင်းလေးထောင့်တစ်ရာတိတိ)ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့သွားရောက်၍ ကူညီပေးအပ်ခဲ့ကြောင်း သိရသည်။
နီလာစိုး