မိုးညို မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သစ်တောဦးစီးဌာနရုံးမှ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီကာလတွင်စိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း(၅၀၀၀) ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးထောင်ထားရှိကြောင်းသိရသည်။
သစ်တောဦးစီးဌာနအနေဖြင့် သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန်ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့်သဘာဝပတ်ဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် မိုးရာသီကာလတွင် သစ်ပင်များစိုက်ပျိုးရန်နှင့် ကျေးလက်ပြည်သူလူထုသို့ဖြန့်ဝေပေးရန် ကျွန်း(၂၀၀၀)၊ မန်ဂျန်ရှား(၁၅၀၀)၊ မဟော်ဂနီ(၁၅၀၀)စသည့် ပျိုးပင်ပေါင်း(၅၀၀၀)အား ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနရုံးမှ သိရသည်။
ကိုမင်း(ပြန်/ဆက်)