မင်းလှ မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျင်းပပြုလုပ်သည့် ယဉ်ကျေးလိမ္မာသင်တန်းကို အမှတ် (၃) ရပ်ကွက်၊ အ.မ.က လမ်းမတော်ကျောင်း၌ ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုပူဇော်ဖွင့်လှစ်ခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဝေငြိမ်းက အမှာစကားပြောကြားသည်။
သင်တန်းကို ကျောင်းအုပ်ဆရာမကြီးအပါအဝင် နည်းပြဆရာမ (၅) ဦးက ဘုရားရှစ်ခိုးနည်း၊ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ (၃) ပါး၊ (၃၈) ဖြာမင်္ဂလာပုံပြင်များ၊ ဘာသာရေး၊ စာရိတ္တ၊ ယဉ်ကျေးမှုစသည်များကို သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ ကျောင်းသားကျောင်းသူ ၂၃ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ မေလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့ထိ ၃ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)