ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာ ရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ မွန်းလွဲ(၃) နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်၌ GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် မတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် GIS နည်းပညာအသုံးပြု၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များဖွဲ့စည်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ

ဓနုဖြူမြို့နယ်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show) ကျင်းပ ဓနုဖြူ မေ ၂၅ မြို့နယ် (ပြန်/ဆက်)

မိုးညိုမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က(မိုးညို) သရဖူခန်းမတွင် ကျင်းပပြုလုပ်ခဲ့‌ကြောင်းသိရသည်။

နတ်တလင်းမြို့တွင် လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့‌ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ အမိုးလန်ပျက်ဆီးဆုံးရှုံးသွားသည့် နေအိမ်မှအိမ်ထောင်စုဝင်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမူဦးစီးဌာနက ထောက်ပံ့‌ငွေများပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့  နေ့လယ် ၁ နာရီချိန်ကပြုလုပ်ခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၌ အခြေခံပညာ ကျောင်းသား/ကျောင်းသူ (၁၁၅၃၀)ဦး ကျောင်းအပ်နှံပြီးဖြစ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ နိုင်ငံတစ်ဝန်းလုံး၌ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အခြေခံပညာအားလုံးတွင် မေလ ၂၃ ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့ မှစတင်ကာ စာသင်ကျောင်းများအား ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင်ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မေလ ၂၅ ရက်နေ့အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ(၁၁၅၃၀)ဦး ကျောင်းအပ်နှံပြီးဖြစ်ကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အသက်မွေးဝမ်းကြောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေ ၂၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့်  လေဘေးသင့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
Subscribe to